ဘယ်ဝါယာဆိုဒ်ကိုသုံးမလဲ ကျနော်တို့ ACကျွေးရမယ့် လျှပ်စစ်ပစ္စည်းတွေမှာဆိုရင် wire cable size ဘလောက်သုံးရမလဲဆိုတာ စဉ်းစားရပါတယ် အ့တော့ကျနော်က ဝါယာဆိုဒ်တေနဲ့ အသုံးပြုနိုင်တဲ့ Aအကြောင်း sharingလုပ်ပေးပါ့မယ်ဗျ Electronic ပစ္စည်းတွေတပ်ဆင်တဲ့အခါမှာ သင့်တော်တဲ့ wire size ရွေးချယ်အသုံးပြုခြင်းဟာ အဓိက အခန်းကဏ္ဍကပါဝင်ပါတယ် ဈေးကွက်အတွင်းမှာရော Installation နယ်ပယ်မှာရော Service နယ်ပယ်မှာရော Wire Size နဲ့ပတ်သတ်ပြီး အခေါ်အဝေါ်အမျိုးမျိုးရှိတာလည်းတွေ့နိုင်ပါတယ် International Electromechanical Commission (IEC) Standard အရ wire cable size များကို Cross Sectional Area Square Millimeters (mm) နဲ့ခေါ်ကြသလို British Imperial System (IEC Standard)အရ Inch နဲ့ခေါ်ကြတာလဲရှိပါတယ် ဘယ် Standard နဲ့ခေါ်သည်ဖြစ်စေ Wire Cableတွေဟာ Copper (ကြေးနီ)ပါဝင်မှုရာခိုင်နှုန်းများမှသာ Ampere(A) သယ်ဆောင်မှုကောင်းမွန်စေပြီး လျှပ်စစ်မီတာစားခြင်းသက်သာနိုင်မှာဖြစ်ပါတယ်။Loadများများအသုံးပြုတဲ့အခါမှာလည်း တခြား သတ္တုအရောwire cable များလို အပူမလွန်ကဲနိုင်မှာဖြစ်ပါတယ်။ ဈေးကွက်အတွင်းမှာအသုံးများကြတဲ့ 3029 wire size ဟာ 1.28mm(~1.5mm)ရှိပါတယ် 3036 wire size ဟာ 1.97mm(~1.5mm)ရှိပါတယ် 7029 wire size ဟာ 2.98mm(~2.5 mm)ရှိပါတယ် 7044 wire sizeဆိုရင်လည်း 6.86mm(~6mm)ရှိပါတယ် အစရှိသဖြင့်ပေါ့လေ အမျိုးမျိုးရှိကြပါတယ် 1.5mm wire size ရဲ့ A ဟာ 15Aလောက်နဲ့ Watts(W)အနေနဲ့3600Wလောက်သာသုံးသင့်ပါတယ် မိတ်ဆွေတို့အနေနဲ့ ကိုယ်အသုံးပြုမယ့်လျှပ်စစ်ပစ္စည်းရဲ့ Watt(W)ကိုသိဖို့လိုပါတယ် ကိုယ်သုံးပြုမယ့် Watt ကိုသိရင် အောက်မှာပြထားတဲ့ ပုံလေးထဲက Wire Size ကိုရွေးချယ်အသုံးပြုနိုင်ပါတယ် Watt တော့မသိဘူး A ပဲသိတယ်ဆိုရင်လည်း P=VI formula နဲ့တွက်ချက်အသုံးပြုနိုင်ပါတယ် V ကတော့ Volt ကိုကိုယ်စားပြုတာဖြစ်တဲ့အတွက် 230Vဟာ ဒီနိုင်ငံရဲ့ အိမ်သုံးလျှပ်စစ်ဗို့စ်အားဖြစ်ပါတယ် ကိုယ်သုံးမယ့် Wနဲ့ကိုက်ညီမယ့် Wire Cable Size သေချာလေးတွက်ချက်ဝယ်ယူသင့်ပါတယ်
Coolant Over-Tank ထဲကို Coolant အပိုထည့်သင့်လား? ___________________________________ ♦️Coolant Over-Tank ထဲကို Coolant အပိုမထည့်သင့်ပါဘူး။ ဒါကတော့ ကျွန်တော့်အမြင်ပေါ့လေ။ ဒီနေရာမှာအယူအဆအမျိုးမျိုးကွဲနိုင်တာပေါ့။ ♦️Engine ထဲမှာရှိတဲ့ Coolant တွေဟာ အပူဆူမှတ်တခုကိုရောက်ရင် May be 70 °C ဆိုပါစို့ အဲ့လိုအပူချိန်တခုရောက်ရင် Thermostat Bar ကပွင့်လာပီး Radiator ထဲမှာရှိတဲ့ Coolant တွေနဲ့လှည့်လည်စီးဆင်းခြင်းလုပ်ငန်းကိုစလုပ်တယ်။ ♦️Engine ထဲမှာရှိတဲ့ အပူဆူမှတ်တခုနဲ့ Coolant တွေဟာ Radiator ရဲ့အပေါ်ခြမ်းကိုရောက်သွားပီး Radiator ရဲ့အောက်ခြမ်းမှာရှိတဲ့ အေးတဲ့Coolantတွေဟာ Engine ထဲကိုစီးဝင်တယ်။ ♦️ဆိုတော့ Radiator ရဲ့ အပေါ်ဘက်ခြမ်းမှာပူတဲ့Coolantတွေရှိပြီး Radiator ရဲ့အောက်ဘက်ခြမ်းမှာတော့ အေးတဲ့ Coolant တွေရှိတယ်ပေါ့။ ♦️Radiator ထဲမှာအပူချိန်တခုနဲ့ရှိနေတဲ့ Coolant တွေဟာ ဆူမှတ်တခုရောက်ရင် ပုံစံပြောင်းပီး Coolant Over-Tank ထဲမှာသွားစုတယ်။ အပူချိန်ကျသွားတဲ့အခါမှာ Radiator ထဲမှာ Vacuum တခုဖြစ်လာပီး Over-Tank ထဲမှာရောက်နေတဲ့ Coolant တွေကိုပြန်ဆွဲယူမယ်ပေါ့။ ♦️ဆိုတော့ အဲ့လိုမျိုးသွားစုရတော့မယ့်အခါမှာ Coolant Over-Tank ထဲမှာ အပိုထည့်ထားတဲ့ Coolant တွေနဲ့ပြည့်နေရင် သူ့အတွက်နေရာမရှိတော့ဘူးပေါ့ ။ အဲ့လိုအချိန်မှာ လျှံထွက်မှုတွေရှိလာမယ်။ အဲ့လိုမျိုးကြောင့် ကျွန်တော့်တစ်ကိုယ်ရေစာအမြင်ရတော့ Coolant Over-Tank ထဲမှာ Coolant အပိုတွေမထည့်သင့်ဘူးလို့မြင်တယ်။ ထည့်ရင်ရောဘာဖြစ်လဲမေးရင် ဘာမှတော့မဖြစ်ပါဘူး ကိုယ့်အမြင်ကိုယ်စီနဲ့ကိုယ်ပေါ့လေ....