'Allergic contact cheilitis' (နှုတ်ခမ်းနီ ဓာတ်မတဲ့ခြင်း) __________________________ နှုတ်ခမ်းနီ ဓာတ်မတဲ့ခြင်းဟာ နှုတ်ခမ်းနီမှာပါဝင်တဲ့ ကြာရှည်ခံပစ္စည်းတွေကြောင့် အဖြစ်များတယ်။ ကြာရှည်ခံပစ္စည်း တွေထဲမှာ parabens, formaldehyde, formaldehyde releasers, propyl galate နဲ့ isothiazolinones စတာတွေက ဓာတ်မတဲ့မှုကို ဖြစ်စေတယ်။ နောက်ပြီး ရနံ့၊ အရသာ၊ ဆိုးဆေး စတာတွေကလည်း ဓာတ်မတဲ့မှုကို ဖြစ်စေနိုင်တယ်။ ဥပမာ Balsam of Peru ကို ရနံ့ (သို့မဟုတ်) အရသာ အနေနဲ့ အသုံးပြုကြတယ်။ benzyl benzoate ကျတော့ ကြာရှည်ခံပစ္စည်း အနေနဲ့ အသုံးပြုကြသလို ရနံ့အနေနဲ့လည်း အသုံးဝင်တယ်။ cinnamaldehyde ကိုသစ်ကြံပိုး အနံ့ရအောင် ထည့်သွင်းတတ်ကြပါတယ်။ တခါတရံ အစိုဓာတ်ထိန်းဆေး(lanolin, propylene glycol) တွေကလည်း ဓာတ်မတဲ့တာရှိတယ်။ အများအားဖြင့် ဖယောင်းနဲ့ အဆီတွေကို နှုတ်ခမ်းနီ ပြုလုပ်ရာမှာ အသုံးပြုကြတယ်။ Beeswax, carnauba wax (Brazil wax), castor oil, coconut oil, vitamin E စတာတွေ ထည့်သွင်းကြတယ်။ ကြက်ဆူဆီမှာပါဝင်တဲ့ Ricinoleic acidကဓာတ်မတဲ့တာ ရှိနိုင်တယ်။ နှုတ်ခမ်းနီအပြင် နှုတ်ခမ်းအဆီ (lip balm)တွေကလည်း ဓာတ်မတဲ့တာရှိတယ်။ လိမ်းဆေးအဆီအဖြစ် Menthol, camphor နဲ့ phenol စတာတွေ ထည့်ကြတယ်။ lip balm တွေရဲ့ အာနိသင်က နှုတ်ခမ်းပေါ်မှာ အလွှာပါးတစ်ထပ်အနေနဲ့ နှုတ်ခမ်းခြောက်သွေ့မှုကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ရာသီအေးတာ၊ လေထုစိုထိုင်းစများတဲ့အခါမျိုးမှာအစိုဓာတ်ထိန်းဖို့ lip balm တွေ လိုပါတယ်။ တခါတရံ နှုတ်ခမ်းနေလောင်ကာလိမ်းဆေး (benzophenone) နဲ့ရေစိုခံပစ္စည်းတွေကလည်း ဖြစ်တတ်တယ်။ သတိပြုရမှာက နှုတ်ခမ်းလွှာ ဖူးဖူးလေးဖြစ်အောင်လုပ်တဲ့ lip plumper တွေကိုဖြစ်တယ်။ ဒီထဲမှာ cayenne pepper(ငရုတ်) နဲ့ cinnamon(သစ်ဂျပိုးမှုန့်) စတာတွေက သွေးကြောချဲ့ပြီး နှုတ်ခမ်းကို ဖူးပြည့်လာစေတယ်။ အထဲမှာပါတဲ့Substance P, benzyl nicotinate နဲ့ L-arginine စတာတွေက သွေးကြောချဲ့တဲ့ အာနိသင်ရှိတယ်။ ဒီဓာတ်တွေကနဂိုနှုတ်ခမ်းကို ဖူးရောင်လာစေတယ်။ နှုတ်ခမ်းနီမတဲ့သည့် လက္ခဏာရပ်များ နှုတ်ခမ်းနီဆိုးပြီး လိမ်းထားတဲ့ နှုတ်ခမ်းက ဖူးရောင်နေမယ်။ ပူလာမယ်၊ ရဲလာမယ်။ တဖြည်းဖြည်း ယားယံလာမယ်။ နှုတ်ခမ်း အသားအရေ ခြောက်ကပ်ပြီး အရေပြားအဖတ်လန်လာတာမျိုးရှိတယ်။ နာကျင်လာမယ်။ တချို့ နှုတ်ခမ်းက အက်ကွဲလာပြီး ပါးစပ်မဟနိုင်တော့တဲ့ထိ ဖြစ်တတ်တယ်။ ဒါမျိုးဖြစ်ရင် နီးစပ်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်တယ်။ ကုသနည်း (၁) ရေခဲ (သို့) ရေအေးဝတ် တစ်ခုခု ကပ်ပါ။ (၂) အယားပျောက်ဆေး (သို့) အရောင်ကျဆေး တစ်မျိုးမျိုး လိမ်းပါ။ (၃) antihistamine လိုသောက်ဆေးမျိုး သောက်ပါ။ (၄) ပူရင် ရှားစောင်းလက်ပပ် အတွင်းသားကို ကပ်ထားလို့ရတယ်။ အချိန်ကြာမကပ်ပါနဲ့။ (၅) ကြားထဲမှာ အပူ၊ အစပ်၊ အငန် အစားအသောက်မျိုး ရှောင်ရမယ်။ (၆) မသက်သာရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသသင့်တယ်။ နှုတ်ခမ်း ဓာတ်မတဲ့သော ပစ္စည်းများ (၁) ကြာရှည်ခံပစ္စည်း -parabens, formaldehyde, formaldehyde releasers, propyl galate, isothiazolinones (၂) ရနံ့ – Balsam of Peru, benzyl benzoate, cinnamaldehyde (၃) အရသာ – peppermint oil, vanilla (၄) ရောင်ခြယ်ဆိုးဆေး – D&C Yellow #11 and D&C Red #7 (၅) အစိုဓာတ်ထိန်းဆေး – lanolin, propylene glycol (၆) ဖယောင်းနဲ့ အဆီ – Beeswax, carnauba wax, castor oil ,coconut oil, vitamin E (၇) ပူရှိန်းဆီ – Menthol, camphor, phenol (၈) နှုတ်ခမ်းဖူးဆေး – cayenne pepper, cinnamon (၉) နေလောင်ကာပစ္စည်း – benzophenone #Crd အလှအပနှင့်ပတ်သတ်တာတွေကို *အလှပြင်ဆိုင်များ *အလှကုန် *စတိုးဆိုင် စသည့် business category များတွင် လေ့လာနိုင်ပါတယ်
** ဆိုင်ကယ်တွေစက်မနှိုးတာ ကြာတဲ့အခါ ** ____________________________________________ -ဆိုင်ကယ်တွေကို မနှိုးပဲ လအတော်ကြာကြာ ပစ်ထားလိုက်တယ် ထားခဲ့တုန်းကအကောင်း ပြန်နှိုးတော့ မရတော့ဘူး -မနိုးနိုင်တဲ့အကြောင်းက အများကြီးတော့ရှိတယ် ဖြစ်နိုင်ချေအများဆုံးနဲ့ Userတွေအလွယ်တကူ လိုက်လုပ်လို့ရမယ့် အပိုင်းလေးတွေကိုပြောပြပေးတာပါ -အဲ့လိုဖြစ်တာဟာ အများဆုံးက ဆီကြောင့်ဖြစ်တာများပါတယ် ဆီတွေ ဖောက်ချလိုက်မယ် ပလပ်လေးတွေဆေးလိုက်မယ်ဆိုပြန်ကောင်းတာများပါတယ် -အဲ့လိုဖြစ်ပြီဆို အရင်ဆုံး ဆီတွေ အကုန်ဖောက်ချ -ပြီးတဲ့အခါ ပလပ်ကိုချွတ် သေချာတိုက် -ပလပ်ချွတ်ထားချိန် ပလပ်ပေါက်ထဲကို အင်္ဂျင်ဝိုင် အနည်းငယ်ထည့် လက်နဲ့ပိတ်ထားပြီး ကစ်နင်း လေးချက် ငါးချက်လောက်နင်း ပြီးတဲ့အခါ ဓါတ်ဆီလေး နည်းနည်းပစ်ထည့် လက်နဲ့ပိတ် ကစ်နင်း -ပြီးမှ ပလပ်ပြန်တပ် ဓါတ်ဆီအသစ်ထည့်ပြီးစမ်းကြည့်ပေါ့ -အဲ့ဒီမှာ သတိထားစရာတစ်ခုထပ်ပြောပါမယ် ဓါတ်ဆီဖောက်ချဆိုတော့ ဆီတိုင်ဂီထဲကဟာပဲဖောက်ချတာပေါ့ - Carburator ထဲကဟာဖောက်မချတော့ ဆီမကောင်းတာတွေကျန်နေတော့နှိုးမရပါဘူး ဒါကြောင့် ကာပရိုက်တာထဲက ဆီကိုပါဖောက်ချပါ အောက်ကခွက်မှာ ဖောက်ချဖို့နပ်လေးပါပါတယ် ပုံမှာပြပေးထားပါတယ် -အဲ့လိုလုပ်ကြည့်ရုံနဲ့ ပြန်ကောင်းတဲ့ဘီးတွေဟာအများစုရှိပါတယ် ဆိုင်ကိုလာခဲ့လည်း အဲ့အပိုင်းတွေအရင်လုပ်ကြည့်ပါတယ် -အရမ်းဆိုးတဲ့ဘီးတွေကတော့ Carburator ပိတ်သွားလို့ ဆေးရတာ အသစ်လဲရတာ တွေဆိုရင်တော့ ဆိုင်ကိုပဲပြကြည့်တော့ပေါ့ -လွယ်တဲ့အပိုင်းလေးတွေ အရင်စမ်းကြည့်စေချင်ပါတယ် ပြင်ဆိုင်ဝေးတဲ့ဒေသတွေမှာဆို အခက်ခဲတွေရှိလို့ပါ 👉ဆိုင်ကယ်နဲ့ပတ်သတ်တာတွေကိုဝင်ကြည့်ဖို့👈 *ဆိုင်ကယ်အပိုပစ္စည်းရောင်းဝယ်ရေး *ဆိုင်ကယ်ဦးထုပ်အမျိုးမျိုး *မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေး *ဆိုင်ကယ်ပြင်ဆိုင်များ စသည့် business category များတွင်ဝင်ရောက်လေ့လာနိုင်ပါသည်။