** ဆိုင်ကယ်တွေစက်မနှိုးတာ ကြာတဲ့အခါ ** ____________________________________________ -ဆိုင်ကယ်တွေကို မနှိုးပဲ လအတော်ကြာကြာ ပစ်ထားလိုက်တယ် ထားခဲ့တုန်းကအကောင်း ပြန်နှိုးတော့ မရတော့ဘူး -မနိုးနိုင်တဲ့အကြောင်းက အများကြီးတော့ရှိတယ် ဖြစ်နိုင်ချေအများဆုံးနဲ့ Userတွေအလွယ်တကူ လိုက်လုပ်လို့ရမယ့် အပိုင်းလေးတွေကိုပြောပြပေးတာပါ -အဲ့လိုဖြစ်တာဟာ အများဆုံးက ဆီကြောင့်ဖြစ်တာများပါတယ် ဆီတွေ ဖောက်ချလိုက်မယ် ပလပ်လေးတွေဆေးလိုက်မယ်ဆိုပြန်ကောင်းတာများပါတယ် -အဲ့လိုဖြစ်ပြီဆို အရင်ဆုံး ဆီတွေ အကုန်ဖောက်ချ -ပြီးတဲ့အခါ ပလပ်ကိုချွတ် သေချာတိုက် -ပလပ်ချွတ်ထားချိန် ပလပ်ပေါက်ထဲကို အင်္ဂျင်ဝိုင် အနည်းငယ်ထည့် လက်နဲ့ပိတ်ထားပြီး ကစ်နင်း လေးချက် ငါးချက်လောက်နင်း ပြီးတဲ့အခါ ဓါတ်ဆီလေး နည်းနည်းပစ်ထည့် လက်နဲ့ပိတ် ကစ်နင်း -ပြီးမှ ပလပ်ပြန်တပ် ဓါတ်ဆီအသစ်ထည့်ပြီးစမ်းကြည့်ပေါ့ -အဲ့ဒီမှာ သတိထားစရာတစ်ခုထပ်ပြောပါမယ် ဓါတ်ဆီဖောက်ချဆိုတော့ ဆီတိုင်ဂီထဲကဟာပဲဖောက်ချတာပေါ့ - Carburator ထဲကဟာဖောက်မချတော့ ဆီမကောင်းတာတွေကျန်နေတော့နှိုးမရပါဘူး ဒါကြောင့် ကာပရိုက်တာထဲက ဆီကိုပါဖောက်ချပါ အောက်ကခွက်မှာ ဖောက်ချဖို့နပ်လေးပါပါတယ် ပုံမှာပြပေးထားပါတယ် -အဲ့လိုလုပ်ကြည့်ရုံနဲ့ ပြန်ကောင်းတဲ့ဘီးတွေဟာအများစုရှိပါတယ် ဆိုင်ကိုလာခဲ့လည်း အဲ့အပိုင်းတွေအရင်လုပ်ကြည့်ပါတယ် -အရမ်းဆိုးတဲ့ဘီးတွေကတော့ Carburator ပိတ်သွားလို့ ဆေးရတာ အသစ်လဲရတာ တွေဆိုရင်တော့ ဆိုင်ကိုပဲပြကြည့်တော့ပေါ့ -လွယ်တဲ့အပိုင်းလေးတွေ အရင်စမ်းကြည့်စေချင်ပါတယ် ပြင်ဆိုင်ဝေးတဲ့ဒေသတွေမှာဆို အခက်ခဲတွေရှိလို့ပါ 👉ဆိုင်ကယ်နဲ့ပတ်သတ်တာတွေကိုဝင်ကြည့်ဖို့👈 *ဆိုင်ကယ်အပိုပစ္စည်းရောင်းဝယ်ရေး *ဆိုင်ကယ်ဦးထုပ်အမျိုးမျိုး *မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေး *ဆိုင်ကယ်ပြင်ဆိုင်များ စသည့် business category များတွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
ကားအင်ဂျင်တစ်လုံးသက်တမ်းရှည်ဖို့ဘာတွေလိုအပ်သလဲ? 🔸ကားတစ်စီးအတွက်တော့ အင်ဂျင် ဆိုတာ “ရွှေ” 🚚🚚ကိုယ့်ရဲ့ ထရပ်ကားလေးကို သက်တမ်းကြာရှည်ခံအောင်ဘယ်လိုထိန်းသိမ်းမလဲ .. ဒါလုပ်ငန်းရှင်တိုင်း၊ ကားပိုင်ရှင်တိုင်း သိချင်ကြတဲ့ မေးခွန်းတွေထဲကတစ်ခုပါ ❓❓ ⚠⚠ပထမဆုံး နဲ့ အရေးကြီးအချက်တွေထဲက တစ်ခုဆိုရင်တော့ “အင်ဂျင်” ပါပဲ .. အင်ဂျင်ကို ပုံမှန်ထိန်းသိမ်းပြီး စစ်ဆေးပြုပြင်တာက လူကြီးမင်းရဲ့ ထရပ်ကားသက်တမ်းကြာရှည်စေမယ့် အလေ့အကျင့်ကောင်းတွေထဲကတစ်ခုပါ 💯💯 🚚အဲ့တော့ အင်ဂျင်တစ်လုံးကို ဘယ်လိုနည်းလမ်းတွေနဲ့ စစ်ဆေးပြုပြင်ထိန်းသိမ်းကြမလဲ ❓❓ 🔸အင်ဂျင်ကိုပုံမှန်ဆေးပါ 🦠🦠ဖုန်၊ အညစ်အကြေးတွေ စုပုံလာတာက အင်ဂျင်ရဲ့ လုပ်အားကိုကျဆင်းစေတဲ့အတွက် ပုံမှန်ဆေးကြောဖို့လိုပါတယ် 🚿🚿 🔸Coolant ကိုပုံမှန်စစ်ပါ 🔎🔎Coolant ကိုပုံမှန်စစ်ဆေးတာလည်း အင်ဂျင်သက်တမ်းကို ကြာကြာခံစေတဲ့နည်းဖြစ်တယ်။ Coolant HP ခဏတာပြောင်းလဲတဲ့အခါ အက်ဆစ်ဓာတ်ဖြစ်ပေါ်ပါတယ်။ အဲဒီ အက်ဆစ်ဓာတ်ကို အအေးခံမိတဲ့အခါ ကားရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်တတ်စေပါတယ် ⚠⚠ 🔸ဖစ်တာ ( Filter ) တွေ စစ်ပါ၊ လဲပါ 🧽🧽အင်ဂျင်ရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေထဲက အညစ်အကြေးတွေကို စစ်ထုတ်ပေးရတာ ဖစ်တာ တွေပါ။ ဖစ်တာ တွေဟောင်းနွမ်းပျက်စီးလာတဲ့အခါ အညစ်အကြေးတွေကို စစ်ထုတ်နိုင်တော့မှာမဟုတ်တဲ့အတွက် ရေရှည်မှာ ဂျီးတွေပိတ်လာမယ်။ နောက်ဆက်တွဲအနေနဲ့ အင်ဂျင်ကောင်းကောင်းမလည်ပတ်နိုင်တော့ဘူးပေါ့ ☠☠ 🔸Gasket တွေစစ်ပါ 💧💧Gasket ယိုစိမ့်မှုရှိမရှိစစ်ပါ။ နောက်ပြီး Gasket မှာ တပ်ဆင်ထားတဲ့ Bolt တွေ တင်းတင်းကျပ်ကျပ်ရှိ၊ မရှိကိုစစ်ပါ ⚙⚙ အပေါ်က အချက်တွေကို လိုက်နာပြီး ပုံမှန်စစ်ဆေးပြင်ဆင်မှုတွေပြုလုပ်ခြင်းဖြင့် ကျန်းမာတဲ့ ထရပ်ကားပိုင်ရှင်တွေဖြစ်ကြပါစေခင်ဗျ 😇😇 👉ကားပစ္စည်း နဲ့ပတ်သတ်တာတွေကို *ကားအပိုပစ္စည်းဆိုင်များ *ကားတာယာ၊ကျွတ်နှင့်ဘီးခွေရောင်းဝယ်ရေး *ကားပြုပြင်ရေးလုပ်ငန်းများ စသည့် business category များတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်နော်